Tor : ခြုံငုံသုံးသပ်ချက်


Tor သည် လိုဏ်ခေါင်းယောင်ကွန်ယက်တစ်ခုဖြစ်ပြီး လူအများနှင့် အုပ်စုများကို ၎င်းတို့၏ ကိုယ်ရေးအချက်အလက်သီးသန့်တည်ရှိမှုနှင့် လုံခြုံရေးများ တိုးမြင့်စေရန် လမ်းဖွင့်ပေးပါသည်။ ဆော့ဝဲတီထွင်ထုတ်လုပ်သူများကိုလည်း အသင့်ထည့်သွင်းပြီး ကိုယ်ရေးအချက်အလက် လက္ခဏာများပါဝင်သော ဆက်သွယ်ရေး ကိရိယာဆော့ဝဲများ အသစ် ဖန်တီးရန် ကူညီပေးပါသည်။ Tor သည် အဖွဲ့အစည်းများနှင့် တစ်ဦးချင်းစီအတွက် ၎င်းတို့၏ ကိုယ်ရေးအချက်အလက်များကို မထိခိုက်စေဘဲ အများသုံးကွန်ယက်တွင် သတင်းအချက်အလက်များကို မျှဝေနိုင်သော အသုံးချပရိုဂရမ်များအတွက် အခြေခံအဖြစ် ဆောင်ရွက်ပေးပါသည်။

တစ်ဦးချင်းအနေဖြင့် ဒေသခံ အင်တာနက် ဝန်ဆောင်ပေးသူများမှ ပိတ်ဆို့ထားသော သတင်းဆိုက်များ၊ သို့မဟုတ် ချက်ချင်းပို့ သတင်းဝန်ဆောင်မှုများကဲ့သို့သော ဆိုက်များကို အသုံးပြုနိုင်ရန်နှင့် ၎င်းတို့နှင့် ၎င်းတို့၏ မိသားစုဝင်များကို ခြေရာခံခြင်းမှ ကာကွယ်ရန် အသုံးပြုကြပါသည်။ Tor ၏ ကွယ်ဝှက်ထားသော ဝန်ဆောင်မှုများသည် အသုံးပြုသူများကို ဆိုက်၏ တည်နေရာကို မသိရှိစေဘဲ ဝက်ဆိုက်များနှင့် အခြား ဝန်ဆောင်မှုများကို ထုတ်လွှင့်စေနိုင်ပါသည်။ တစ်ဦးချင်းအနေဖြင့် Tor ကို အဓမ္မကျင့်မှုနှင့် အလွဲသုံးမှုမှ ရှင်ကျန်သူများ သို့မဟုတ် ရောဂါရနေသူများအတွက် စကားပြောခန်းများနှင့် ဝက်ဖိုရမ်များ ကဲ့သို့သော လူမှုရေးအရ အထိခိုက်မခံနိုင်သော ဆက်သွယ်မှုများ အတွက်လည်း အသုံးပြုကြပါသည်။

ဂျာနယ်လစ်များသည် Tor ကို မကောင်းမှုပြုသူများကို ဖွင့်ချသူများနှင့် အစိုးရနှင့် သဘောကွဲလွဲသူများကို ပိုမိုလုံခြုံစွာ ဆက်သွယ်ရန် အသုံးပြုကြပါသည်။ အစိုးရမဟုတ်သော အဖွဲ့အစည်းများ (NGOs) များအနေဖြင့် Tor ကို ၎င်းတို့၏ အလုပ်သမားများသည် အတူအလုပ်လုပ်နေသော အဖွဲ့အစည်းအနီးရှိ အခြားသူများ မသိရှိစေဘဲ ၎င်းတို့၏ မူလဝက်ဆိုက်များကို ဆက်သွယ်နိုင်စေရန် အသုံးပြုကြပါသည်။

Indymedia ကဲ့သို့ အုပ်စုများသည် ၎င်းတို့၏ အသင်းဝင်များ၏ ကိုယ်ရေးအချက်အလက်နှင့် လုံခြုံမှုများကို လုံခြုံစွာ ထိန်းသိမ်းနိုင်ရန် Tor ကို အကြံပြုထောက်ခံကြပါသည်။ Electronic Frontier Foundation (EFF) ကဲ့သို့ လှုပ်ရှားသူ အုပ်စုများသည် Tor ကို မြို့ပြအွန်လိုင်းလွပ်လပ်မှုကို ထိန်းသိမ်းရန် ယန္တရားအဖြစ် အကြံပြုထောက်ခံပါသည်။ ကော်ပိုရေးရှင်းများသည် Tor ကို အများနှင့် ယှဉ်ပြိုင်ရသော စိစစ်လေ့လာချက်များ လုပ်ကိုင်ရန် လုံခြုံသော နည်းလမ်းအဖြစ်နှင့် အခြားသူ၏သီးသန့်စကားကို တိတ်တဆိတ်နားထောင်သူများမှ အထိခိုက်မခံသော ဝယ်ယူမှုပုံစံများကို ကာကွယ်ရန် အသုံးပြုကြပါသည်။ ၎င်းတို့သည် ပမာဏအတိအကျနှင့် ဆက်သွယ်မှုပြုချိန်ကို သိရှိနိုင်သော အသုံးပြုနေကျ VPN များကို အစားထိုးရန်အတွက်လည်း အသုံးပြုကြပါသည်။ မည်သည့်နေရာတွင် ဝန်ထမ်းများ နောက်ကျပါသလဲ ? မည်သည့်နေရာတွင် ဝန်ထမ်းများ အလုပ်ရှာသည့် ဝက်ဆိုက်များနှင့် တိုင်ပင်နေပါသလဲ ? မည်သည့် သုတေသနဌာနသည် ကုမ္ပဏီ၏ မူပိုင်ခွင့် ဥပဒေသမားနှင့် ဆက်သွယ်နေပါသလဲ ?

U.S ရေတပ်၏ ဌာနခွဲတစ်ခုသည် Tor ကို ပွင့်လင်းသော အသိဉာဏ်စုဆောင်းမှုအဖြစ် အသုံးပြုပြီး ၎င်းတို့၏ အဖွဲ့တစ်ခုသည် အရှေ့အလယ်ပိုင်းတွင် မကြာသေးမီက Tor ကို ထိရောက်စွာ အသုံးချခဲ့ပါသည်။ ဥပဒေအာဏာပိုင်များသည် Tor ကို ၎င်းတို့၏ web မှတ်တမ်းများတွင် အစိုးရအိုင်ပီကို မထားခဲ့ဘဲနှင့် web site များကို လည်ပတ်သောအခါ သို့မဟုတ် စောင့်ကြပ်ကြည့်ရှုသောအခါနှင့် နစ်နာမှုရှိသော လုပ်ဆောင်မှုများ ပြုလုပ်နေစဉ်အတွင်း လုံခြုံရေးအတွက် အသုံးပြုကြပါသည်။

Tor ကို အသုံးပြုသည့် မျိုးစုံသော လူအများသည် အမှန်တကယ်မှာ လုံခြုံမှုရှိစေရန် ပြုလုပ်သော အစိတ်အပိုင်းပင် ဖြစ်ပါသည်။ Tor သည် သင့်ကို ကွန်ယက်အတွင်းရှိ အခြားသူများမှ ကွယ်ဝှက်ထားပါသည်။ ထို့ကြောင့် Tor ကို အခြေခံသော အသုံးပြုသူ ပိုမိုသိပ်သည်းများပြား၍ ပိုမို ကွဲပြားခြားနားလေ သင်၏ အမည်ဝှက်မှုမှာ ပိုမိုအကာအကွယ်ရလေ ဖြစ်ပါသည်။

ကျွန်ုပ်တို့ Tor ကို ဘာကြောင့်လိုသလဲ

Tor ကို အသုံးပြုခြင်းဖြင့် “သတင်းပို့လွှတ်မှု စိတ်ဖြာချက်များ” ဟု သိရှိကြသော အင်တာနက်စောင့်ကြပ်ကြည့်ရှုမှုများမှ သင့်ကို အကာအကွယ်ပေးပါသည်။ သတင်းပို့လွှတ်မှု စိတ်ဖြာချက်များဆိုသည်မှာ အများသုံးကွန်ယက်တွင် မည်သူက မည်သူ့ကို ပြောနေသနည်းဆိုသည်ကို ဆိုလိုပါသည်။ သင့်အင်တာနက်ပို့လွှတ်မှုမှ မူလအရင်းအမြစ်နှင့် ဦးတည်ရာကို သိရှိခြင်းသည် သင့် အမူအကျင့်နှင့် စိတ်ဝင်စားမှုများကို ခြေရာခံခွင့်ပေးခြင်းပင်ဖြစ်ပါသည်။ အကယ်၍ အီလက်ထရွန်းနစ် စီးပွားကူးသန်းမှု ဆိုက်တစ်ခုသည် သင့်တိုင်းပြည် သို့မဟုတ် မူလဒေသ၏ အဖွဲ့အစည်းပေါ်မူတည်၍ ဈေးနှုန်းခွဲခြားမှု ရှိသည်ဆိုပါက ဤအချက်သည် သင့် ချက်လက်မှတ်စာအုပ်ကို ထိခိုက်နိုင်ပါသည်။ သင်မည်သူဖြစ်သည်နှင့် မည်သည့်နေရာမှ ဖြစ်သည်ကို သိရှိခြင်းဖြင့် သင့်အလုပ်အကိုင်နှင့် ခန္ဓာကိုယ်လုံခြုံမှုကိုပင် ထိခိုက်နိုင်ပါသည်။ ဥပမာအားဖြင့် သင် ပြည်ပခရီးသွားနေစဉ်အတွင်း သင့် အလုပ်ရှင်၏ ကွန်ပျူတာသို့ ဆက်သွယ်ကာ အီးမေးလ်စစ်ခြင်း သို့မဟုတ် ပို့ခြင်းများ ပြုလုပ်မည်ဆိုပါက ကွန်ယက်ကို စူးစမ်းရှာဖွေနေသူ တစ်စုံတစ်ယောက်သည် သင့် မူလနိုင်ငံနှင့် အသက်မွေးဝမ်းကျောင်းမှုအဖွဲ့အစည်းကို ဆက်သွယ်မှုစကားဝှက်ပြုလုပ်ထားသော်လည်း မတော်တဆ သိရှိသွားစေနိုင်ပါသည်။

သတင်းပို့လွှတ်မှု စိတ်ဖြာချက်များဆိုသည်မှာ အဘယ်နည်း ? အင်တာနက် အချက်အလက် အထုပ်ငယ်များသည် အစိတ်အပိုင်း နှစ်ခုရှိပါသည် : အချက်အလက်ဝန်ချိန်နှင့် လမ်းကြောင်းရှာဖွေမှုအတွက် ခေါင်းစည်းတို့ဖြစ်ပါသည်။ အချက်အလက်ဝန်ချိန်သည် ပို့လွှတ်မည့် မည်သည့်အရာမဆိုဖြစ်သည်။ အီးမေးလ်အချက်အလက်၊ web စာမျက်နှာ၊ အသံဖိုင်တစ်ခု စသည်တို့ ဖြစ်ချင်ရာ ဖြစ်ပေမည်။ သင့်ဆက်သွယ်ရေး၏ အချက်အလက်ဝန်ချိန်ကို စကားဝှက်ပြုလုပ်ထားသော်လည်း ပို့လွှတ်မှု စိတ်ဖြာခြင်းမှ သင်ဘာလုပ်နေသည်ဆိုသည်နှင့် သင်ဘာပြောနေသည်ကို များစွာ သိရှိနိုင်ပါသည်။ ထို့ကြောင့် မူလအရင်းအမြစ်၊ ဦးတည်ရာ၊ ပမာဏ၊ အချိန်ကိုက်မှု စသည်ဖြင့် ပူးတွဲပါဝင်သော ခေါင်းစည်းပိုင်းတွင် အာရုံစိုက်ရခြင်းဖြစ်ပါသည်။

ကိုယ်ရေးအချက်အလက်ကို ဂရုပြုရခြင်း၏ အခြေခံ ပြဿနာမှာ သင့်ဆက်သွယ်မှု၏ လက်ခံသူမှာ ခေါင်းစည်းပိုင်းကို ကြည့်ရှုခြင်းဖြင့် သင်ပို့လွှတ်သည်ကို သိရှိနိုင်ခြင်းဖြစ်သည်။ ထို့ကြောင့် အင်တာနက်ဝန်ဆောင်မှုပေးသူကဲ့သို့သောသူများကို ချက်ချင်း ခွင့်ပြုမိန့်ပေးနိုင်သည်။ သို့မဟုတ် ချက်ချင်း ခွင့်ပြုမိန့်မပေးခြင်းလည်း ပြုနိုင်သည်။ အလွန်ရိုးရှင်းသော ပို့လွှတ်မှုစိတ်ဖြာချက်မှာ ကွန်ယက်ပေါ်မှ ပို့လွှတ်သူနှင့် လက်ခံသူအကြား တစ်နေရာတွင် နေထိုင်ပြီး ခေါင်းစည်းပိုင်းကို ကြည့်ရှုနေခြင်း ဖြစ်သည်။

သို့သော် ပိုမိုအားကောင်းသော ပို့လွှတ်မှုစိတ်ဖြာချက်အမျိုးအစားများလည်း ရှိပါသည်။ အချို့ တိုက်ခိုက်သူများသည် အင်တာနက်မှ အစိတ်အပိုင်းမျိုးစုံကို သူလျှိုပြုလုပ်ကာ ခေတ်မီဆန်းပြားရှုပ်ထွေးသော အချက်အလက်ခွဲခြမ်းမှု နည်းပညာများဖြင့် ကွဲပြားခြားနားသော အဖွဲ့အစည်းများနှင့် တစ်ဦးချင်းစီ၏ ဆက်သွယ်မှု ပုံစံများကို ခြေရာခံနိုင်ပါသည်။ စကားဝှက်ပြုလုပ်ခြင်းသည် အင်တာနက်ပို့လွှတ်မှုကိုသာ ကွယ်ဝှက်ပေးပြီး ခေါင်းစည်းပိုင်းကို မကာကွယ်ပေးသောကြောင့် ၎င်းတိုက်ခိုက်သူများကို ကာကွယ်ရန် မတတ်နိုင်ပါ။

ဖြေရှင်းမှု : ဖြန့်ကျက်ထားသော၊ အမည်ဝှက် ကွန်ယက် တစ်ခု

Tor သည် သင့်ပို့လွှတ်လက်ခံမှုများကို အင်တာနက်၏ နေရာများစွာသို့ ဖြန့်ဝေပေးခြင်း၊ တစ်နေရာတည်းမှသာသင့်ဦးတည်ရာသို့ သင်နှင့်ချိတ်ဆက်ပေးခြင်းတို့ဖြင့် ရိုးရှင်းသော ပို့လွှတ်မှုစိတ်ဖြာချက်နှင့် ဆန်းပြားရှုပ်ထွေးသော ပို့လွှတ်မှုစိတ်ဖြာချက် နှစ်ခုလုံး၏ အန္တရာယ်ကို လျော့ချပေးပါသည်။ ကြံစည်ထားမှုမှာ နောက်မှ လိုက်လာသူကို လေတိုက်သကဲ့သို့၊ နောက်ယောင်ခံရန် ခက်ခဲသော လမ်းကြောင်းဖြင့် အဝေးသို့ လွင့်ထွက်သွားစေခြင်းဖြစ်ပြီး အခါအားလျော်စွာ သင့် ခြေရာများကို ဖျက်ဆီးခြင်းဖြစ်ပါသည်။ မူလအရင်းအမြစ်မှ ဦးတည်ရာသို့ တိုက်ရိုက်လမ်းကြောင်းဆက်သွယ်ခြင်းအစား Tor ကွန်ယက်တွင် အချက်အလက်အထုပ်ငယ်များကို ထပ်ဆင့်လွှင့်သူအများအပြားကို ဖြတ်သန်း၍ ကျဘန်း ယူဆောင်စေခြင်းဖြင့် မည်သည့်စူးစမ်းရှာဖွေသူကိုမျှ မည်သည့်နေရာတွင်မျှ အချက်အလက်များ မည်သည့်နေရာက လာ၍ မည်သည့်နေရာကို သွားမည်ကို ခြေရာခံမှု မပြုလုပ်နိုင်တော့ပါ။

Tor circuit step one

Tor ဖြင့် သီးသန့် ကွန်ယက်လမ်းကြောင်းတစ်ခု ဖန်တီးမည်ဆိုပါက အသုံးပြုသူ၏ ဆော့ဝဲ သို့မဟုတ် client သည် ကွန်ယက်ပေါ်မှ ထပ်ဆင့်လွှင့်သူများကို ဖြတ်သန်း၍ စကားဝှက်ပြုလုပ်ထားသော ပတ်လမ်းကြောင်းတစ်ခုကို တစစ တိုးချဲ့တည်ဆောက်သွားပါသည်။ ပတ်လမ်းသည် တစ်ကြိမ်ခုန်ကူးလျှင် တစ်ကြိမ် တိုးသွားပါသည်။ ပြီးလျှင် လမ်းတစ်လျှောက်ရှိ ထပ်ဆင့်လွှင့်သူတိုင်းသည် မည်သည့် ထပ်ဆင့်လွှင့်သူမှ အချက်အလက်ပေးသည်နှင့် မည်သည့် ထပ်ဆင့်လွှင့်သူကို အချက်အလက်ပေးရမည်ဆိုသည်ကိုသာ သိပါသည်။ မည်သည့် တစ်ဦးချင်း ထပ်ဆင့်လွှင့်သူမှ အချက်အလက်အထုပ်ငယ်သွားရောက်သော လမ်းကြောင်းအပြည့်အစုံကို မသိရှိနိုင်ပါ။ client သည် အချက်အလက်ဖြတ်သန်းသွားလာသော ဆက်သွယ်မှုလမ်းကြောင်းကို ခြေရာမခံနိုင်စေရန် လမ်းကြောင်းတစ်လျှောက်တွင် တစ်ခါခုန်ကူးမှုတိုင်းအတွက် သီးခြား စကားဝှက်သော့များကို ဆွေးနွေးညှိနှိုင်းရယူပါသည်။

Tor circuit step two

ပတ်လမ်းကြောင်း တစ်ခု တည်ဆောက်ပြီးသည်နှင့် Tor ကွန်ယက်ကို ဖြတ်သန်း၍ အချက်အလက်မျိုးစုံ ကူးသန်းလဲလှယ်နိုင်ပြီး ဆော့ဝဲအသုံးချပရိုဂရမ်မျိုးစုံကို အသုံးချနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ထပ်ဆင့်လွှင့်သူတိုင်းသည် ကြားဖြတ်ခိုးယူနားထောင်သူဖြစ်စေ သို့မဟုတ် အပေးအယူညှိနှိုင်းထားသော ထပ်ဆင့်လွှင့်သူဖြစ်စေ ပတ်လမ်းထဲတွင် တစ်ခါခုန်ကူးမှုထက်ပို၍ မမြင်နိုင်သောကြောင့် ဖြစ်ပါသည်။ Tor သည် TCP စီးဆင်းမှုအတွက်သာ အလုပ်လုပ်ပြီး SOCKS အထောက်အကူပြုသော မည်သည့် အသုံးချပရိုဂရမ်မဆို အသုံးပြုနိုင်ပါသည်။

ထိရောက်စွာအကျိုးရှိစေရန် Tor ဆော့ဝဲသည် တူညီသော ၁၀ မိနစ်အတွင်း သို့မဟုတ် ထိုကဲ့သို့သော အချိန်အတွင်းတွင် ဖြစ်ပေါ်သော ဆက်သွယ်မှုကို တူညီသော ပတ်လမ်းအဖြစ် အသုံးပြုပါသည်။ နောက်ပိုင်း တောင်းဆိုမှုများကို လူအများအစောပိုင်း လုပ်ဆောင်မှုမှ အသစ်တစ်ခုသို့ ချိတ်ဆက်နိုင်စေရန် ပတ်လမ်းကြောင်း အသစ်တစ်ခု ပေးပါသည်။

Tor circuit step three

ကွယ်ဝှယ်ထားသော ဝန်ဆောင်မှုများ

Tor သည် ဝက်ထုတ်လွှင့်မှုများ သို့မဟုတ် အချက်အလက် ချက်ချင်းပို့နိုင်သည့် ဆာဗာများကဲ့သို့သော မျိုးစုံသည့် ဝန်ဆောင်မှုများကို အသုံးပြုနေစဉ်အတွင်းတွင်လည်း ၎င်းတို့၏ တည်နေရာကို ဝှက်ထားရန် အသုံးပြုနိုင်ပါသည်။ Tor “ဆုံရပ် နေရာ” ကို အသုံးပြုခြင်းဖြင့် အခြား Tor အသုံးပြုသူများသည် တစ်ဦးစီ၏ အခြား ကွန်ယက် အမှတ်အသားကို မသိရှိဘဲ ဤကွယ်ဝှက်ထားသော ဝန်ဆောင်မှုများကို ဆက်သွယ်နိုင်ပါသည်။ ဤ ကွယ်ဝှက်ထားသော ဝန်ဆောင်မှုသည် ဆင်ဆာတည်းဖြတ်မှုကို စိုးရိမ်စရာမလိုဘဲ ဝက်ဆိုက်တည်ထောင်ခြင်းများကို လုပ်ဆောင်နိုင်ပါသည်။ မည်သူမျှ ဆိုက်ကို တင်ဆက်သည်ကို မဆုံးဖြတ်နိုင်ပါ။ ဆိုက်ကို တင်ဆက်သူ မည်သူမျှ မည်သူက ရေးသားပေးပို့နေသည်ကို မသိရှိနိုင်ပါ။ ကွယ်ဝှက်ထားသော ဝန်ဆောင်မှုများ ပြင်ဆင်သတ်မှတ်ခြင်း နှင့် ကွယ်ဝှက်ထားသော ဝန်ဆောင်မှု ဘာသာစကား ကို ဆက်လက်လေ့လာပါ။

အမည်ဝှက် နေထိုင်မှု

Tor သည် အမည်ဝှက်ပြဿနာအားလုံးကို မဖြေရှင်းနိုင်ပါ။ ၎င်းမှ အချက်အလက်ပို့ဆောင်မှုကို ကာကွယ်ပေးခြင်းကိုသာ အလေးထားပါသည်။ သင့်ကိုယ်ပိုင်အမှတ်အသား သတင်းအချက်အလက်များကို သင်လည်ပတ်သော ဝက်ဆိုက်များမှ မမြင်တွေ့စေလိုလျှင် သတ်မှတ် ဘာသာစကား အထောက်အကူပြု ဆော့ဝဲများကို အသုံးပြုရန် လိုအပ်ပါသည်။ ဥပမာအားဖြင့် သင် web ကြည့်ရှုနေစဉ်အတွင်း သင့် browser အမျိုးအစားနှင့် ပတ်သတ်သော အချက်အလက်များနှင့် cookies များကို မပြသလိုလျှင် Privoxy ကဲ့သို့သော web proxies များကို အသုံးပြုနိုင်ပါသည်။

သင့် အမည်ဝှက်မှုကို ကာကွယ်ရန် လိမ္မာပါးနပ်ရပါမည်။ Web ပုံစံစာရွက်များတွင် သင့်နာမည် သို့မဟုတ် အခြား သတင်းအချက်အလက်များကို မဖော်ပြပါနှင့်။ အခြား အမည်ဝှက်ကွန်ယက်အားလုံးကဲ့သို့ပင် ဝက်ကြည့်ရှုခြင်းအတွက် လုံလောက်သော မြန်ဆန်သော်လည်း Tor သည် အဆုံးမှအဆုံးသို့ တိုက်ခိုက်ခြင်းကို ကာကွယ်မှု မပြုနိုင်ခြင်း၊ သင့်ကို တိုက်ခိုက်သူသည် သင့်ကွန်ပျူတာမှ ထွက်လာသော ပို့လွှတ်မှုများကို စောင့်ကြည့်နိုင်ခြင်း၊ သင်ရွေးချယ်ထားသော ဦးတည်ရာသို့ ရောက်ရှိလာသော ပို့လွှတ်မှုများကို စောင့်ကြည့်နိုင်ခြင်း၊ စာရင်းအင်းစိတ်ဖြာမှုကို အသုံးပြု၍ သူတို့သည် တူညီသော ပတ်လမ်းအတွင်းမှ အစိတ်အပိုင်းဖြစ်သည်ကို ရှာဖွေနိုင်ခြင်းတို့ကို သတိပြုပါ။

Tor ၏ အနာဂါတ်

ယနေ့ အင်တာနက်တွင် အသုံးဝင်သော အမည်ဝှက်ကွန်ယက်ကို ဖော်ဆောင်ခြင်းသည် ဆက်လက်လုပ်ဆောင်ရဦးမည့် စိန်ခေါ်မှု တစ်ခု ဖြစ်ပါသည်။ အသုံးပြုသူများ၏ လိုအပ်ချက်နှင့် ကိုက်ညီမည့် ဆော့ဝဲများကို ကျွန်ုပ်တို့ လိုလားပါသည်။ အသုံးပြုသူများနိုင်သမျှ များများကို ကိုင်တွယ်နိုင်မည့်နည်းလမ်းနှင့် ကွန်ယက်ကို ကြီးထွားနိုင်သမျှ ကြီးထွားအောင် ထိန်းသိမ်းရန်လည်း လိုလားပါသည်။ Tor ၏ အသုံးဝင်မှု တိုးတက်လာသည်နှင့် ပိုမိုများပြားသော အသုံးပြုသူများကို ဆွဲဆောင်လာနိုင်ခြင်းဖြင့် ဆက်သွယ်မှုတိုင်း၏ မူလအရင်းအမြစ်နှင့် ဦးတည်ရာများ ပိုမိုများပြားလာနိုင်ခြင်း၊ ထို့ကြောင့် လူတိုင်းအတွက် လုံခြုံမှု မြင့်တက်လာခြင်းတို့ကြောင့် လုံခြုံရေးနှင့် အသုံးဝင်မှုသည် ပိုလျှံနေသည်မရှိစေရပါ။ ကျွန်ုပ်တို့ တိုးတက်စေရန် ပြုလုပ်နေသော်လည်း သင့်အကူအညီကို လိုအပ်ပါသည်။ ကျေးဇူးပြု၍ ထပ်ဆင့်လွှင့်မှု ပြုလုပ်ခြင်း သို့မဟုတ် ထုတ်လုပ်ဖန်တီးသူ အဖြစ် စေတနာ့ဝန်ထမ်းလုပ်ခြင်း တို့ကို စဉ်းစားပေးစေလိုပါသည်။

ဥပဒေ၊ မူဝါဒ နှင့် နည်းပညာ တို့၏ လားရာ တိုးတက်မှုများမှ အမည်ဝှက်မှုကို မကြုံဘူးသေးသော ခြိမ်းခြောက်မှုများကြောင့် ကျွန်ုပ်တို့၏ အွန်လိုင်းတွင် လွတ်လပ်စွာ ပြောဆိုနိုင်ခြင်း၊ ဖတ်ရှုနိုင်ခြင်းများကို လျော့ပါးစေပါသည်။ ၎င်း လားရာများသည် တစ်ဦးချင်းစီအတွင်း၊ အဖွဲ့အစည်းများအတွင်း၊ ကော်ပိုရေးရှင်းများအတွင်းနှင့် အစိုးရများအတွင်း အားနည်းချက်များကို စိတ်ဖြာနိုင်ရန် ပိုမိုဆက်သွယ်မှုများ ပြုလုပ်ခြင်းဖြင့် အမျိုးသားလုံခြုံရေးနှင့် အဓိက အခြေခံအဆောက်အဦများကို အောက်ခြေမှ လှိုက်စားချိနဲ့စေပါသည်။ အသုံးပြုသူအသစ်တိုင်းနှင့် ထပ်ဆင့်လွှင့်သူတိုင်းသည် အပိုဆောင်း ထိန်းသိမ်းစောင့်ရှောက်မှုများ၊ Tor ၏ စွမ်းဆောင်နိုင်မှုများကို တိုးချဲ့၍ သင့်လုံခြုံမှုနှင့် တစ်ကိုယ်ရေတည်ရှိမှုများကို သင့်လက်ထဲသို့ ပြန်လည်ရောက်ရှိအောင် လုပ်ဆောင်ပေးကြပါသည်။


"Tor" and the "Onion Logo" are registered trademarks of The Tor Project, Inc.
Content on this site is licensed under a Creative Commons Attribution 3.0 United States License, unless otherwise noted.

Warning: This translation might be obsolete. The English original is at Revision 21507 while this translation is based on (unknown).

This page is also available in the following languages: Deutsch, English, español, suomi, français, Italiano, 日本語 (Nihongo), Nederlands, norsk, polski, Português, Русский (Russkij), svenska, 中文(简) (Simplified Chinese).
How to set the default document language.

The Tor developers have not reviewed this translation for accuracy and correctness. It may be out of date or wrong. The official Tor website is the English version, available at https://www.torproject.org/.

Contact Us - Last modified: Sun Mar 14 18:43:37 2010 - Last compiled: Sun Apr 25 22:05:31 2010